သင့်စီးပွားရေးလုပ်ငန်းအတွက် ဘာကြောင့် Website က အရေးကြီးတာလဲ? အကြောင်းရင်း ၅ ချက်

သင့်စီးပွားရေးလုပ်ငန်းအတွက် ဘာကြောင့် Website က အရေးကြီးတာလဲ? အကြောင်းရင်း ၅ ချက်

person using black and white smartphone and holding blue card

အခုမှစလုပ်တဲ့ လုပ်ငန်းငယ်ကလေးတွေကနေ နာမည်ကျော် Brand လုပ်ငန်းကြီးတွေအထိ မိမိတို့ရဲ့ ကိုယ်ပိုင်အွန်လိုင်း ဝဘ်ဆိုက်ကနေပြီးတော့ ကုန်ပစ္စည်းတွေ ရောင်းချရာကနေ အကျိုးအမြတ်တွေ ရရှိနေတဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း များစွာရှိနေပါတယ်။ ယနေ့ ကမ္ဘာမှာ လူတွေက လမ်းပေါ်ကိုယ်တိုင်ထွက် ဈေးဝယ်ဖို့ထက် ကိုယ့်အိမ်ကနေ ကမ္ဘာပတ်ဈေးဝယ်ဖို့ လုပ်လာကြတဲ့အခါ E-commerce website တွေက ရောင်းချသူနဲ့ ဝယ်ယူသူတွေအကြား အတော်လေး အဆင်ပြေလာတာတွေ့ရပါတယ်။

သင့်စီးပွားရေးလုပ်ငန်းအတွက် E-commerce ကို လုပ်ဖို့ မလုပ်ဖို့ တွေဝေစဉ်းစားရခက်နေရင် ရှည်ရှည်ဝေးဝေးတွေ သိပ်ကြည့်မနေပါနဲ့။ ဒီမှာ အဓိကကျတဲ့ အကြောင်းရင်း ၅ ချက်လောက်ကိုပဲကြည့်ကြရအောင်။ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာ။

၁။ Brand ချဲ့ထွင်နိုင်ခြင်း

Ecommerce က သင့်စီးပွားရေးလုပ်ငန်းနဲ့ အမှတ်တံဆိပ်ကို သာမန် အရောင်းဆိုင်လေးအဖြစ်ကနေ ထူးခြားဆန်းသစ်ပြီး အများနှစ်ခြိုက်တဲ့ Brand တစ်ခုအနေနဲ့ ချဲ့ထွင်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ အွန်လိုင်း customer service တွေပေးထားမယ်၊ ဘလော့ဂ်တွေရေးမယ်၊ facebook, twitter စသဖြင့် social media မှာ ကြော်ငြာမယ် စသည်ဖြင့် ကုန်ပစ္စည်းတွေကို နေ့စဉ်၂၄ နာရီပတ်လုံး ရောင်းချပေးနိုင်ပါတယ်။ အွန်လိုင်းကနေ ၂၄ နာရီပတ်လုံး ဝယ်ယူနိုင်တာကြောင့် customer နဲ့ကိုယ်နဲ့ တွေ့မှ ပစ္စည်းရောင်းရမှာမဟုတ်တော့ဘူး။ ကိုယ့်လုပ်ငန်းက အင်တာနက် ရှိနေသမျှကာလပတ်လုံး အလိုလိုလည်ပတ်နေမှာဖြစ်ပါတယ်။

၂။ ပိုမို အဆင်ပြေလွယ်ကူခြင်း

အွန်လိုင်းစတိုးက နေ့စဉ်ဖွင့်ပါတယ်။ ဆိုလိုတာက customer က သင့်ဆိုင်ကို အချိန်မရွေး လာလို့ရတယ်။ ကိုယ်ရှိနေမှမဟုတ်ဘူး။ ကိုယ်တိုင်လိုက်ရောင်းနေစရာမလိုဘူး။ ဒီနေ့ ဒီချိန်မှာ လူတွေက ကိုယ်တိုင်ရှော့ပင်းထွက်နေဖို့ အချိန်မရှိတော့ဘူး။ အွန်လိုင်းကနေ ကိုယ်လိုချင်တာတွေရှာမယ်။ review တွေရှာဖတ်မယ်။ ဈေးနှုန်းသင့်တယ်ဆို အချိန်မရွေး ကောက်ဝယ်နေကြတာဆိုတော့ ကိုယ့်ကုန်ပစ္စည်းတွေက customer အတွက် အချိန်တိုင်း လက်တကမ်းမှာ အသင့်ရှိနေဖို့ လိုအပ်ပါတယ်။

၃။ ပျံ့နှံ့ရောက်ရှိမှု တိုးပွားစေခြင်း

အင်တာနက် အသုံးပြုမှု များပြားလာတာနဲ့အမျှ တချိန်တည်းမှာ နိုင်ငံအနှံ့ ကမ္ဘာအနှံ့ကလူသန်းပေါင်းများစွာ သင့် အွန်လိုင်းစတိုးဆိုင်ကို ကြည့်ရှုနိုင်ပါတယ်။ customer များများ လာမှ မိမိရဲ့ကုန်ပစ္စည်းကို customer လက်ထဲ အရောက်ထည့်နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်း website ကို လာတဲ့ အရေအတွက်နဲ့ အပြင်မှာ ဖွင့်ထားတဲ့ ဆိုင်ကိုလာတဲ့ လူအရေအတွက် နှိုင်းယှည်ချိန်ထိုးကြည့်နိုင်ပါတယ်။

၄။ Marketing အခွင့်အလမ်းများ ရရှိစေခြင်း

Website ဆိုတာ စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံး Marketing tool တစ်ခုပါပဲ။ ကိုယ့် website ကို Google လိုမျိုး search engine တွေက ရှာဖွေနိုင်အောင်လည်း SEO တွေသုံးလို့ရသလို Pay per click လိုမျိုး marketing technique တွေ၊ social media marketing တွေ email marketing တွေ စသဖြင့် marketing အတွက် လုပ်စရာတွေ ပိုများလာပါတယ်။

၅။ ချိန်ညှိနိုင်ခြင်း

လုပ်ငန်းချဲ့ထွင်ကြီးမားလာတာနဲ့အမျှ ရောင်းချနဲ့ ကုန်ပစ္စည်းနဲ့ ရောင်းချပေးတဲ့ customer တွေ များပြားကျယ်ပြန့်လာပါတယ်။ စီးပွားရေးလုပ်ငန်းကိုလည်း customer တွေ လိုအပ်ချက်၊ တောင်းဆိုချက်တွေအရ ချဲ့ထွင်ရပါတယ်။ Ecommerce website ဆိုတာ ကိုယ်လိုအပ်ရင်လိုအပ်သလို ဆိုင်ခန်းအပြင်အဆင် အထားအသို ပြောင်းလဲတာ၊ အရောင်တွေ Layout တွေ ချိန်ညှိတာ၊ ဈေးနှုန်းပြင်ဆင်သတ်မှတ်တာ၊ Payment option တွေအသစ်ထပ်ထည့်တာတွေ အချိန်မရွေး လိုသလို စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။

E-commerce website က စီးပွားရေးလုပ်ငန်းတွေအတွက် Marketing ကစလို့ customer service တွေ Product range တွေချဲ့ထွင်ပြီး ရောင်းအားတက်စေဖို့ အခွင့်အရေးများစွာကို ကျယ်ကျယ်ပြန့်ပြန့် ရရှိစေပါတယ်။ ကိုယ့်လုပ်ငန်း ရည်မှန်းချက်အောင်မြင်စေရုံမျှမက customer ကိုလည်း ၂၄ နာရီပတ်လုံး စိတ်ကျေနပ်စေဖို့ သင့်စီးပွားရေးလုပ်ငန်းအတွက် E-commerce website ထားရှိသင့်ပါတယ်။


JituuShop.com တွင် သင့်စတိုးဆိုင် စာမျက်နှာအသစ်လုပ်ရန်

Pyae Sone Htoo

See all author post

Leave a Reply