e-Commerce/အီလက်ထရောနစ် စီးပွားရေး

e-Commerce သို့မဟုတ် အွန်လိုင်းစီးပွားရေးလုပ်ငန်းဆိုသည်မှာ အင်တာနက်ကိုအသုံးပြုပြီးတော့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ရောင်းချခြင်းနှင့် ထိုသို့ရောင်းချမှုများအတွက် ငွေကြေးနဲ့ အချက်အလက်တွေကိုကို အင်တာနက်မှတဆင့် လွှဲပြောင်းရယူခြင်းဖြစ်ပါတယ်။ အများအားဖြင့် အပြင်မှာရောင်းချတဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းပြီး ငွေလွှဲ/ငွေထုတ်လုပ်တာကို ဆိုလိုပေမယ့် အင်တာနက်ကို အသုံးပြုပြီးတော့ လုပ်ကိုင်ကြတဲ့ စီးပွားရေး လုပ်ငန်းတိုင်းကို အွန်လိုင်းစီးပွားရေးလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမယ့် အွန်လိုင်းစီးပွားရေးလို့ပြောလိုက်တာနဲ့ ကုန်ပစ္စည်းတွေ၊ [...]