Oxygen Concentrator စက်အားပိုးသန့်စင်ခြင်း

Oxygen Concentrator စက်အားပိုးသန့်စင်ခြင်း

Cleaning and Maintaining Your Oxygen Concentrator V2
cleaning home unit

Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့

(၁) စက်အပြင်ပိုင်း၊

(၂) လေစစ်ဇကာ filters များ၊

(၃) mask နဲ့ လေရှုပြွန် cannula and tubing

(၄) ရေအိုး water trap humidifiers

(၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။

ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။ ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။

9k=

(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။ စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။ အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။

(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ ၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။ တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။ လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။ အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရပ်ရှ်လေးနဲ့သန့်စင်ရပါတယ်။ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့ #ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။

oxygen concentrator maintenance slide

(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။Cannula ထိပ်နဲ့ mask ကို တစ်ယောက်တည်းသုံးရင်တောင်မှ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။ အဲ့လိုချမိရင် ရောဂါပိုးကိုဒါရိုက်ရှုမိသလိုဖြစ်စေပါတယ်။ မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင် ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ – ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။ အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။ UV အလင်းရောင် (သို့မဟုတ်) နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။ ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ပြွန်ထဲရေဝင်သွားရင် ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။လူနာတစ်ယောက်တည်းသုံးတာတောင်မှ လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။

(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။ လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။ လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ကြိုချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင် mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။

(၅) ဟုတ်ပြီ။အပေါ်က အဆင့် (၄) ဆင့်နဲ့စက်အပြင်လည်းသန့်ပြီ။ လေစစ်ဇကာတွေလည်းသန့်ပြီ။ လေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။ ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ် ပြီးပြီ။ ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလားFilter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။ ကျနော့်အယူအဆကိုပြောပါမယ်။ အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။ စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာ အောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။ အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။ စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။ စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။

Credit Richard Myo Thant

Facebook မှ ကူးယူဖော်ပြပါသည်။

Pyae Sone Htoo

See all author post

Leave a Reply