Online shopping website တစ်ခုတည်ဆောက်ခြင်း

Online shopping website တစ်ခုတည်ဆောက်ခြင်း

woman 3040029 1280

Online shopping ပဲဖြစ်ဖြစ် တခြား website ပဲဖြစ်ဖြစ် Website တစ်ခု ဆောက်တော့မယ်ဆို သိထားရမှာ ၃ ချက်ရှိပါတယ်။

၁) Hosting
၂) Domain
၃) CMS/Framework

  • jituushop online shopping center
  • Online shopping

၁။ Hosting

Hosting ဆိုတာကတော့ website data တွေ သိမ်းဖို့အတွက် server ပါ။ server computer ကိုယ့်ဟာကိုယ် ဝယ်မယ်ဆို ကုန်ကျစရိတ်များပါတယ်။ computer ကြီးကို 24hr run ထားရမယ်။ အဲ့အတွက် မီတာခက တက်ဦးမယ်။ မီးပြတ်ရင်လဲ server down မသွားဖို့ UPS ကလိုသေးတယ်။ ဒီကြားထဲ hang တာတွေ ဘာတွေ ဖြစ်ဦးမယ်။
အဲ့ဒါတွေ ကြောင့်မို့လို့ server computer ကိုယ့်ဟာကိုယ်မဝယ်ဘဲ hosting provider ရဲ့ server မှာ ကိုယ့် data တွေ သွားသိမ်းရပါတယ်။
အင်တာနက်ဆိုတဲ့ ကမ္ဘာ့ရွာကြီးမှာ website ဆိုတဲ့ အိမ်ဆောက်ဖို့ အတွက် မြေကွက်နေရာယူတဲ့သဘောပါပဲ။
ကိုယ်ဟာကိုယ် မြေကွက်ရဖို့အတွက်ဆို ခြုံရှင်းရမယ် သစ်ပင်တွေ ခုတ်ရမယ် မြေညှိရမယ် မြေဖို့ရမယ် လမ်းဖောက်ရမယ် စသဖြင့် လုပ်ရမှာတွေများလို့ မို့လို့ သူများလုပ်ပြီးသား မြေကွက်မှာ အိမ်ဆောက်ဖို့ အတွက် မြေဝယ်ရတာပေါ့။
hosting အမျိုးအစား အမျိုးမျိုးရှိပါတယ်။
Shared hosting, cloud hosting, VPS Hosting, dedicated hosting စသဖြင့် Hosting အမျိုးမျိုးနဲ့ plan တွေလည်း အမျိုးမျိုးရှိပါတယ်။
ကိုယ့် website အနေအထားပေါ်မူတည်ပြီး ရွေးချယ်ရပါတယ်။
Hosting ပေးတဲ့ ကုမ္ပဏီတွေကလည်း အများကြီးရှိပါတယ်။
Amazon, hostinger, bluehost, siteground စသည်ဖြင့်ပေါ့လေ သူ့ plan နဲ့သူ ဈေးတွေလည်း အမျိုးမျိုးပါပဲ။
ဒီထဲကမှ ကိုယ့်လုပ်ငန်းနဲ့ သင့်တော်မယ့် အမျိုးအစားနဲ့ ကိုယ်သုံးမယ့် ငွေပမာဏကို ချိန်ဆပြီး hosting ရွေးချယ် ဝယ်ယူရပါတယ်။
Online shopping website အတွက် အများအားဖြင့် တစ်နှစ်စာ ၁ သိန်း မှ ၂ သိန်း ဝန်ကျင် ကျနိုင်ပါတယ်။

၂။ Domain

Domain ဆိုတာကတော့ website ရဲ့ နာမည်လည်း ပြောလို့ရသလို လိပ်စာလို့ပြောရင် ပိုမှန်မယ်ထင်တယ်။
ခုနပြောတဲ့ hosting မြေကွက်ကို ရောက်ဖို့အတွက် လူနားလည်တဲ့ လိပ်စာသတ်မှတ်ပေးရတာကို domain လို့ခေါ်ပါတယ်။
ဥပမာ Facebook server ဆီကို သွားဖို့အတွက်ဆို facebook.com ကို သွားပါ
Google server အတွက်ဆို google.com ကိုသုံးပါ ဆိုပြီးတော့ လိပ်စာသတ်မှတ်ပေးတာပါ။
ကိုယ်ကြိုက်တဲ့ နာမည်ကိုယ်ပေးလို့ရပါတယ်။ ဒါပေမယ့် သူများ ယူထားပြီးသားတော့ မဖြစ်ရဘူးပေါ့။
ဒီလိပ်စာ သတ်မှတ်ဖို့အတွက်လည်း ပိုက်ဆံပေးရတာပါပဲ။ မြေကွက်အတွက် အခွန်ဆောင်ရသလိုပေါ့။
Domain ဖိုးကတော့ ကိုယ်ပေးချင်တဲ့နာမည်အလိုက် ဈေးကွာနိုင်ပါတယ်။
တစ်နှစ်စာ ၁သောင်း ကနေ ၇ သောင်းလောက်ထိ ကျနိုင်ပါတယ်။

၃။ CMS/Framework – content management system

ဒါကဘာနဲ့တူလဲဆိုတော့ အဆောက်အဦးပါ။ ကိုယ့်မြေကွက်ပေါ်မှာ ဘယ်လို အဆောက်အဦး ဆောက်မလဲပေါ့။
Online shopping website တွေ အတွက်ဆို အသုံးများကြတာက Drupal, Shopify, Opencart, Magento, woocommerce တွေ သုံးလေ့ရှိပါတယ်။ Shopify ကတော့ ဝယ်သုံးရပါတယ်။ ကျန်တာတွေကတော့ free ပေးထားပေမယ့် premium feature တွေသုံးချင်ရင်တော့ ဝယ်သုံးရပါတယ်။

Online shopping website ရေးဆွဲခအနေနဲ့ကတော့ ကိုယ်ထည့်ချင်တဲ့ feature အနည်းအများပေါ်မူတည်ပြီး ဈေးကွာနိုင်ပါတယ်။
ဘာ feature မှမထည့်ဘူး product တွေတင်လို့ရပြီးရော ဆိုရင်တော့ ၂ သိန်းလောက်ကျနိုင်ပါတယ်။ payment တို့ delivery တို့ refund တို့ စသဖြင့် feature တွေ ထည့်ချင်တယ်ဆိုရင်တော့ သိန်း ၇၀-၁၀၀ လောက်ထိကျနိုင်ပါတယ်။

ဒါကတော့ website တစ်ခုတည်ဆောက်ဖို့အတွက် ကိုယ်တိုင်ပဲ ရေးရေး၊ သူများကို ရေးခိုင်းပြီး အပ်အပ် မသိမဖြစ် သိထားရမယ်အရာတွေဖြစ်ပါတယ်။

Online shopping website အတွက် နောက်တစ်ချက် သိထားရမှာက security လုံခြုံရေးပါ။ ဈေးဆိုင်ဆိုတော့ ကုန်ပစ္စည်းတွေရှိမယ်။ ဆိုင်ရောင်း လို့ရတဲ့ ပိုက်ဆံတွေရှိမယ်ဆိုတော့ သူခိုးတွေက မျက်စောင်းထိုးတာပေါ့။ အဲ့တော့ လုံခြုံရေးလည်း ချထားဖို့လိုပါတယ်။
အဲ့ဒါကတော့ SSL ပါ။ secure socket layer လို့ခေါ်ပါတယ်။

ကျွန်တော်တို့ Jituushop.com မှာဆိုလည်း ရောင်းသူနဲ့ ဝယ်သူတွေရဲ့ အချက်အလက်တွေ မသမာသူတွေ ခိုးယူလိုမရအောင် SSL သုံးထားရပါတယ်။
Website တစ်ခု SSL ရှိမရှိဆိုတာ website ရဲ့ address ကိုကြည့်ရင် သိနိုင်ပါတယ်။ web address မှာ http:// နဲ့ဆို SSL မရှိပါဘူး။ https:// ဆိုပြီး s ကလေးပါရင် SSL ရှိပါတယ်။ ပြီးရင် web browser ရဲ့ address bar မှာ သော့ခတ်ထားတဲ့ ပုံလေးပါတယ်ဆိုရင် အဲ့ဒီ site က လုံခြုံရေး တပ်ဆင်ထားတယ်ဆိုတဲ့ သင်္ကေတလေး ဖြစ်ပါတယ်။

အဲ့တော့ online shop website ကိုယ့်ဟာကိုယ်ဆောက်မလား?
ဒါမှမဟုတ် jituushop.com မှာ ကိုယ်ပိုင် webpage လုပ်ရောင်းမလား?

နမူနာ page >> https://www.jituushop.com/stores/jituushop-demo/

online 4275963 1280

Pyae Sone Htoo

See all author post

Leave a Reply