O2 Concentrator အသုံးပြုသူများ သတိပြုရန်အချက်များ

O2 Concentrator အသုံးပြုသူများ သတိပြုရန်အချက်များ

82144910

မိမိကိုယ်ပိုင် Oxygen Concentrator စက်ပဲဖြစ်ဖြစ်၊ လိုအပ်လို့ ငှားရမ်းအသုံးပြုလို့ပဲဖြစ်ဖြစ် စက်မပျက်စီးဖို့၊ အန္တရာယ်ကင်းဖို့နဲ့ စက်ကိုကြာရှည်စွာအသုံးပြုနိုင်ဖို့ အောက်ပါအချက်တွေကို သတိပြု လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။

o2concentrators 1619860576863 1619860586922

(၁) မီးအားမနိုင်တဲ့ ပုံမှန် Extension ကြိုးတွေနဲ့တွဲမသုံးပါနဲ့၊ မနိုင်ရင်စက်ကဖျက်ချပြီး Power ပိတ်သလို ဖြစ်သွားတတ်ပါတယ်။

(၂) မီးအားထိန်း Safeguard နဲ့တွဲသုံးပါ။ Compressor ပါရှိတာကြောင့် ဗို့အား Voltage အတက်အကျက Compressor ကို ပျက်စီးစေပါတယ်၊ စက်ပြန်ဖွင့်လို့မရတာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။

(၃) စက်ကို သုံးတဲ့အခါ နံရံနဲ့ အနဲဆုံး ၂ပေခွာထားပါ၊ ဒါမှ စက်ပူပြီး Heat တက်တာ နည်းစေမှာပါ၊ အပူတက်တာများပြီး စက်ချွတ်ယွင်းမှုတွေ ဖြစ်နိုင်ပါတယ်။

(၄) စဖွင့်ဖွင့်ချင်း ၁၀လီတာ တန်း မတင်ရပါဘူး။ တစ်မိနစ်ကို ၁လီတာချင်း ဖြေးဖြေးချင်းတိုးပေးရပါတယ်။

(၅) စက်ကို၆နာရီဆက်တိုက် ဖွင့် ပြီး မိနစ် ၃၀ခန့် ခဏအနားပေးပါ။ ပြီးလျှင် ၆နာရီခန့် ပြန်လည်အသုံးပြုနိုင်ပါတယ်။

(၆) Humidifier ရေခွက်ထဲကို သတ်မှတ် ရေအမှတ်ထက်ပိုမထည့်ပါနဲ့ ၊အသက်ရှုလမ်းကြောင်းထဲ ရေဝင်တတ်ပါတယ်။

(၇) နောက်ကျောမှာရှိတဲ့ လေစစ်ဇကာ Filter ကို တစ်ပတ်တခါ ဆေးပေးပါ။

(၈) အောက်ဆီဂျင်သည် မီးလောင်လွယ်သဖြင့် စက်ရှိသော အခန်းထဲတွင် ဆေးလိပ်မသောက်ရ၊ မီးမခြစ်ရ။ အခြားမီးတောက်စေသော အရာများ မပြုလုပ်ရ။

(၉) အဲကွန်း အလုံပိတ်အခန်းထဲတွင် အသုံးပြုလျှင် စက်အနီးရှိ ပုတင်းပေါက်တံခါးအား လေဝင်လေထွက်ကောင်းစေရန် ဖွင့်ထားပေးပါ။

(၁၀) စက်အနီးတွင် မီးဖို၊ မီးပူ၊ အပူပေးစက် အစရှိသော လျှပ်စစ်ပစ္စည်းများမထားရ။ ဂတ်အိုး၊ အောက်ဆီဂျင်အိုး များနှင့်နီးကပ်စွာ မထားရ။

(၁၁) စက်ပြင်ပကိုယ်ထည်အား သန့်ရှင်းရေးလုပ်ရန်အတွက် အစွန်းချွတ်ဆေး (Bleach) မပါဝင်သော ဆပ်ပြာရည်စိမ်ထားသည့်အဝတ်ကို ရေညှစ်ပြီး ပွတ်တိုက်ပါ။

ငှားရမ်းအသုံးပြုသူများအနေဖြင့် မိမိအသုံးပြုပြီး အခြားသူအား အသုံးပြုရန် ပြန်လည်ပေးအပ်ပါက သန့်ရှင်းရေးပြုလုပ်ပေးပါရန်။ အခြားသူများလည်း အဆင်ပြေစွာအသုံးပြုနိုင်စေရန် စက်အား မပျက်ဆီးစေဖို့ ဂရုစိုက်ထိန်းသိမ်းပေးကြရန် အထက်ပါအချက်တွေကို သတိပြုကြရမှာဖြစ်ပါတယ်။

Pyae Sone Htoo

See all author post

Leave a Reply