FAQ

အမေးများသော မေးခွန်းများ

ဂျစ်တူး (JituuShop) ဆိုတာ အွန်လိုင်းရှော့ပင်း ဝဘ်ဆိုက်တစ်ခုပါ။ Multivendor E-commerce Platform တစ်ခုဖြစ်ပြီး ကုန်ပစ္စည်းရောင်းချသူအမျိုးမျိုး ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချပေးတဲ့ Online Marketplace တစ်ခုဖြစ်ပါတယ်။

အွန်လိုင်းဈေးဝယ်သူတွေဟာ ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသူအမျိုးမျိုးရှိတဲ့အတွက် မိမိတို့လိုချင်တဲ့ ကုန်ပစ္စည်းတစ်ခုကို ဝဘ်ဆိုက် တစ်ခုတည်းကနေပြီး စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

ကုန်ပစ္စည်းရောင်းချဖို့အတွက် ဂျစ်တူးဝဘ်ဆိုက်မှာ အသုံးပြုသူအကောင့်တစ်ခု Register လုပ်ရမှာဖြစ်ပါတယ်။ Register လုပ်ပြီးတာနဲ့ အရောင်းပို့စ်တစ်ခု စတင်ဖန်တီးနိုင်ပါပြီ။

ဂျစ်တူးမှာ Register လုပ်ဖို့အတွက် My Account စာမျက်နှာမှာ မိမိကိုယ်တိုင် လိုအပ်တဲ့ အချက်အလက် ဖြည့်သွင်းပြီး Register ပြုလုပ်နိုင်ပါတယ်။ 

Register လုပ်ရန် ဒီနေရာကို နှိပ်ပါ

ဂျစ်တူးမှာ Register လုပ်ဖို့ Email Account ရှိဖို့မလိုပါဘူး။ ဖုန်းနံပါတ်နဲ့ Register လုပ်လို့ရပါတယ်။ ဒါပေမယ့် မိမိတို့အရောင်းတင်ထားတဲ့ ကုန်ပစ္စည်းကို ဝယ်ယူတဲ့သူရှိရင် Email ကနေ အသိပေးချက် ပေးပို့မှာဖြစ်လို့ Email ရှိရင်တော့ ပိုအဆင်ပြေပါတယ်။

JituuShop မှာ ရောင်းချသူတွေဟာ မိမိကိုယ်ပိုင် Website စာမျက်နှာဖွင့်ပြီး ရောင်းချနိုင်ပါတယ်။  မိမိရဲ့ဆိုင် စာမျက်နှာ ဖွင့်လှစ်ဖို့အတွက် မိမိရဲ့ ဆိုင်ကို Register လုပ်ရမှာဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင် အကောင့် ဖွင့်ဖို့အတွက် မိမိရဲ့ လိပ်စာ၊ ဖုန်းနံပါတ် နဲ့ ဆိုင်နာမည်ဖြည့်သွင်းပြီး Store Registration စာမျက်နှာမှာ အလွယ်တကူ Register လုပ်နိုင်ပါတယ်။

ဆိုင်ပိုင်ရှင် အကောင့်ဖွင့်ရန် ဒီနေရာကို နှိပ်ပါ။

JituuShop ဟာ Online Shopping Center တစ်ခု ဖြစ်တာကြောင့် Shopping Center မှာ ဈေးဝယ်သလိုပဲ မိမိလိုချင်တဲ့ ပစ္စည်းတွေကို ဈေးခြင်းတောင်းထဲ ထည့်ထားရပါတယ်။ ဝယ်မှာ သေချာပြီဆိုတော့မှ Checkout Page မှာ အော်ဒါတင်ပေးရပါတယ်။

အော်ဒါ လက်ခံရရှိပြီဆိုတာနဲ့ Online Payment တွေဖြစ်တဲ့ Waveoney၊ K-Pay တို့အပြင် KBZ ဘဏ်အကောင့်ကနေတဆင့် ၂၄ နာရီအတွင်း ကျသင့်ငွေရှင်းပေးရမှာ ဖြစ်ပါတယ်။

ဝယ်သူဆီက ကျသင့်ငွေ လက်ခံရရှိတာနဲ့ ပစ္စည်းရောင်းချသူက ဝယ်ယူသူရဲ့ လိပ်စာအတိုင်း ပစ္စည်း ပို့ပေးမှာ ဖြစ်ပါတယ်။ ငွေချေပြီး ရောင်းချသူက တစ်ပတ်အတွင်း ပစ္စည်းမပို့ခဲ့ရင် မိမိပေးထားတဲ့ ငွေပမာဏအတိုင်း ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

JituuShop မှာ ထူးခြားတာတစ်ခုက ပစ္စည်းဝယ်ပြီး ငွေရှင်းတဲ့အခါ JituuShop ကနေတဆင့် ကျသင့်ငွေရှင်းလို့ရသလို Customer က ပစ္စည်းရောင်းချသူဆီကို တိုက်ရိုက်အော်ဒါတင်ပြီး ကျသင့်ငွေကို တိုက်ရိုက်ရှင်းပေးလို့လည်း ရပါတယ်။ ဒီလို ရောင်းချသူကို တိုက်ရိုက် ပေးချေဖို့အတွက် သက်ဆိုင်ရာ ဆိုင်ရဲ့ စာမျက်နှာကနေတဆင့် Checkout လုပ်ရမှာ ဖြစ်ပြီး ပေးချေရမယ့် နည်းလမ်းကလည်း ရောင်းချသူ သတ်မှတ်ထားတဲ့ အကောင့်ဆီကိုသာ ငွေလွှဲပေးရမှာ ဖြစ်ပါတယ်။

JituuShop Wallet ဆိုတာ JituuShop မှာ ဈေးဝယ်ဖို့အတွက် ကြိုတင်ငွေဖြည့်ထားတဲ့ ပိုက်ဆံအိတ်ဖြစ်ပါတယ်။

ရပါတယ်။ Wallet ထဲကပိုက်ဆံနဲ့ မည်သည့်ပစ္စည်းကို မဆို တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ 

JituuShop မှာ ကုန်ပစ္စည်းဝယ်ယူတာကလွဲလို့ ကိုယ့် Wallet ထဲက ပိုက်ဆံကို အခြားတစ်ယောက်ဆီ လွှဲခွင့်မပြုပါဘူး။

မိမိရဲ့ အကောင့်ထဲကို  Login ဝင်ပြီး Wallet ထဲကို ပိုက်ဆံဖြည့်နိုင်ပါတယ်။

Wallet ထဲ ပိုက်ဆံဖြည့်ရန် ဒီနေရာကို နှိပ်ပါ။

အနည်းဆုံး ၁၀၀၀ ကျပ်မှစ၍ မိမိအသုံးလိုသလောက် ငွေဖြည့်နိုင်ပါတယ်။ ထို့နောက် Checkout Page တွင် မိမိနှစ်သက်ရာနည်းလမ်းဖြင့် ဖြည့်သွင်းမည့် ငွေပမာဏအား JituuShop အကောင့်ထဲသို့ ငွေလွှဲပါ။ ငွေလွှဲဝင်သည်ကို Admin မှ confirm ပေးပြီးသည်နှင့် တပြိုင်နက် အကောင့်ထဲတွင် ငွေဖြည့်သွင်းပြီးဖြစ်ပါတယ်။ 

ရပါတယ်။ မိမိ Wallet ထဲကပိုက်ဆံကို ငွေသားအဖြစ် ပြန်ထုတ်လို့ရပါတယ်။ 

Wavemoney, M-Pitesan, OK$ Dollar, K-Pay, AYA Pay, CB Pay တို့ထဲမှ မိမိနှစ်သက်ရာနည်းလမ်းဖြင့် Wallet ထဲက ပိုက်ဆံကို ပြန်လည် ထုတ်ယူနိုင်ပါတယ်။ ငွေသားပြန်လည် ထုတ်ယူခြင်း အတွက် Service Fee နှင့် Gateway Fee (ငွေလွှဲခ) တို့ကို ထုတ်ယူသူ၏ ဘက်မှပေးရမည်ဖြစ်သည်။ Service Fee နှင့် ငွေလွှဲခတို့ကို အသုံးပြုသူ၏ Wallet လက်ကျန်များထဲမှ နှုတ်ယူသွားမည်ဖြစ်ပြီး၊ အကယ်၍ လက်ကျန်မလုံလောက်ပါက ထုတ်ယူသည့် ငွေပမာဏထဲမှ နှုတ်ယူသုံးစွဲမည်ဖြစ်သည်။