e-Commerce သို့မဟုတ် အွန်လိုင်းစီးပွားရေးလုပ်ငန်းဆိုသည်မှာ အင်တာနက်ကိုအသုံးပြုပြီးတော့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ရောင်းချခြင်းနှင့် ထိုသို့ရောင်းချမှုများအတွက် ငွေကြေးနဲ့ အချက်အလက်တွေကိုကို အင်တာနက်မှတဆင့် လွှဲပြောင်းရယူခြင်းဖြစ်ပါတယ်။ အများအားဖြင့် အပြင်မှာရောင်းချတဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းပြီး ငွေလွှဲ/ငွေထုတ်လုပ်တာကို ဆိုလိုပေမယ့် အင်တာနက်ကို အသုံးပြုပြီးတော့ လုပ်ကိုင်ကြတဲ့ စီးပွားရေး လုပ်ငန်းတိုင်းကို အွန်လိုင်းစီးပွားရေးလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမယ့် အွန်လိုင်းစီးပွားရေးလို့ပြောလိုက်တာနဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရောင်းဝယ်ဖောက်ကားတဲ့ eCommerce ကိုသာ အထူးရည်ညွှန်းပါတယ်။
အွန်လိုင်းစီးပွားရေးကို ပထမဆုံးစတင်ခဲ့တဲ့ သမိုင်းကိုပြန်ကြည့်လိုက်တဲ့အခါ ၁၉၉၄ ခုနှစ် ဩဂုတ်လတုန်းက အမေရိကန်နိုင်ငံက တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sting ဆိုတဲ့အဖွဲ့ရဲ့ Music CD ကို လူတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင် Website ဖြစ်တဲ့ NetMarket ကနေ ရောင်းချခဲ့တာက အစပြုခဲ့တယ်လို့ ဆိုကြပါတယ်။ အဲ့ဒီက အစပြုခဲ့တဲ့ အင်တာနက်ကတဆင့် ကုန်ပစ္စည်းတွေ ရောင်းချခဲ့ခြင်းကနေ ယနေ့ ကမ္ဘာပေါ်မှာ လုပ်ကိုင်နေကြတဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရောက်တဲ့အခါမှာတော့ ကမ္ဘာပေါ်မှာ အွန်လိုင်းကနေ ရောင်းချခဲ့တဲ့ ရောင်းအားက ဒေါ်လာ ၂၇ ထရီလီယံထိရှိလာခဲ့ပါတယ်။
e-Commerce အမျိုးအစားများ
စားသုံးသူနဲ့ စီးပွားရေးလုပ်ငန်းများအကြား ကုန်စည်နဲ့ငွေကြေးစီးဆင်းမှုအရ e-Commerce ကို အဓိကအားဖြင့် (၄) မျိုး ခွဲခြားနိုင်ပါတယ်။
၁။ Business to Consumer (B2C)
စီးပွားရေးလုပ်ငန်းတစ်ခုကကုန်ပစ္စည်းတစ်ခု (သို့) ဝန်ဆောင်မှုတစ်ခုကိုစားသုံးသူတစ်ဦး ထံရောင်းချခြင်း။ (ဥပမာ၊ အွန်လိုင်းလက်လီအရောင်းဆိုင်တစ်ခုမှဖိနပ်ဝယ်ယူမှု)
၂။ Business to Business (B2B)
စီးပွားရေးလုပ်ငန်းတစ်ခုမှ အခြားစီးပွားရေးလုပ်ငန်းတစ်ခုထံ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုရောင်းချခြင်း (ဥပမာ-စီးပွားရေးလုပ်ငန်းမှ အခြားစီးပွားရေးလုပ်ငန်းတွေအသုံးပြုဖို့အတွက် Software ရောင်းချခြင်း)
၃။ Cusomer to Cusomer (C2C)
လူတစ်ဦးမှ အခြားသူတစ်ဦးထံသို့ ကုန်ပစ္စည်းတစ်ခု (သို့) ဝန်ဆောင်မှုရောင်းချခြင်း။ (ဥပမာ – သင်၏ပရိဘောဂအဟောင်းတစ်ခုကို eBay တွင်အခြားသူတစ် ဦးထံ ရောင်းခြင်း)
၄။ Consumer to Business (C2B)
စားသုံးသူတစ်ဦးက သူ၏ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို စီးပွားရေးလုပ်ငန်း သို့မဟုတ်အဖွဲ့အစည်းတစ်ခုထံ ရောင်းချသည့်အခါ (ဥပမာ -Social Influencer တစ်ဦးက ၎င်း၏ အွန်လိုင်းပရိတ်သတ်များမှတဆင့် အခြားစီးပွားရေးလုပ်ငန်းအတွက် ဝန်ဆောင်မှုပေးခြင်း။)
e-Commerce ရောင်းဝယ်မှုပုံစံများ
- လက်လီရောင်းချခြင်း (Retail)
- လက်ကားရောင်းချခြင်း (Wholesale)
- ကုန်စည်ပို့ဆောင်မှုပေးခြင်း (Dropshipping)
- အကြိုငွေပေးရောင်းချခြင်း (Crowdfunding)
- Subscription ပြုလုပ်ခြင်း
- Physical Product များ
- Digital Product များ
- ဝန်ဆောင်မှုများ (Services)
Ref: Shopify