Online Store Page အား ပြင်ဆင်ခြယ်သခြင်း

Online Store Page အား ပြင်ဆင်ခြယ်သခြင်း

Online shopping

1. Go to Store Page

Store Setting ကိုပြင်ဆင်ဖို့ ပထမဆုံး ကိုယ့် ဆိုင်စာမျက်နှာကို သွားပါ။

2. Go to Store Setting Page

ပြီးရင် အောက်မှာမျှားပြထားတဲ့အတိုင်း Settings ဆိုတာကို ရွေးပြီး Setting page တက်လာတာကို ခဏစောင့်ပါ။

Screen Shot 2020 10 24 at 23.00.33
Settings ကိုရွေးရန်။

3. Configure Phone Number and Email

ကျလာတဲ့ Page မှာ Scroll down ဆင်းသွားပြီး ဖုန်းနံပါတ်နဲ့ email ထည့်ပါ။ ထည့်လိုက်တဲ့ဖုန်းနံပါတ်နဲ့ email က Save လုပ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း ဆိုင်နာမည်အောက်မှာ သွားပေါ်မှာဖြစ်ပါတယ်။

Screen Shot 2020 10 24 at 23.01.41
Screen Shot 2020 10 24 at 23.01.17

4. Store Owner

ကိုယ့်နာမည်ကို ဆိုင်နာမည်အောက်မှာ ပေါ်စေချင်ရင် Store owner ဆိုတာကို အမှန်ခြစ်ပေးရမှာဖြစ်ပြီးတော့ ဖျောက်ထားချင်တယ်ဆိုရင် အမှန်ခြစ် ဖြုတ်ပေးလိုက်ပါ။

5. Store Address

ကိုယ်က အွန်လိုင်းကပဲရောင်းတာ အပြင်မှာ ဆိုင်ဖွင့်ထားတာမရှိဘူးဆိုရင် Store address ဆိုတာလေး အမှန်ခြစ် ထည့်ပေးလိုက်ပါ။ ဒါဆို ဆိုင်လိပ်စာလည်း ထည့်စရာမလိုတော့ပါဘူး။ ဆိုင်လိပ်စာ ရေးသွင်းထာကို အောက်မှာ ဆက်ကြည့်ပါ။

အိမ်အမှတ်၊ အခန်းနံပါတ်ရှိရင်လည်း အခန်းနံပါတ်၊ လမ်းနာမည် စတာတွေကို ပထမအကွက်မှာ ဖြည့်ပေးရမှာပါ။ ဒုတိယလိုင်းကတော့ ရပ်ကွက်/ကျေးရွာ/ အိမ်ယာနာမည် စတာတွေထည့်ပေးဖို့ဖြစ်ပါတယ်။ နောက်တစ်ကွက်ကတော့ တိုင်းဒေသကြီး/ပြည်နယ် ရွေးပေးရမှာပါ။ တိုင်းဒေသကြီး/ပြည်နယ် ရွေးပြီးမှ မြို့နယ်ရွေးလို့ရပါမယ်။

Screen Shot 2020 10 24 at 23.01.52

6. Messenger Chat with Customer

Customer နဲ့ ကိုယ်နဲ့ ပြောဆိုထိတွေ့ဖို့အတွက် messenger ကို အသုံးပြုနိုင်ပါတယ်။ Personal account နဲ့တော့ ချိတ်လို့မရပါဘူး။ Facebook Page ထောင်ထားမှသာ Page ရဲ့ messenger နဲ့ချိတ်ရမှာဖြစ်ပါတယ်။ Facebook ကုမ္ပဏီက ကိုယ့် Personal account နဲ့ ချိတ်ဆက်ခွင့်မပြုလို့ပါ။

Messenger နဲ့ ချိတ်ဆက်ဖို့ Messenger ပုံလေးနဲ့ button လေးကိုနှိပ်လိုက်ပါ။ facebook login ဝင်ပြီးသားဆို ပြန်ဝင်ဖို့မလိုပေမယ့် Login မလုပ်ရသေးရင် Facebook account ဝင်ဖို့လိုပါတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက ကိုယ်က account နဲ့ password ရေးလိုက်လို့ websiteက password ရသွားမှာလားလို့ ထင်စရာရှိပါတယ်။ လုံးဝမဟုတ်ပါဘူး။ ကိုယ့် account နဲ့ password ကို website ကယူလို့မရပါဘူး။ အခု login ဝင်တဲ့ page ဟာ facebook ရဲ့ login စာမျက်နှာဖြစ်ပါတယ်။ messenger နဲ့ ချိတ်တဲ့အခါမှာလည်း facebook ကို login ဝင်ပြီးမှ မိမိရဲ့ facebook account ကနေပြီး website ကို ချိတ်ဖို့ ခွင့်ပြုမှသာ ချိတ်ဆက်လို့ရတာဖြစ်ပါတယ်။ နောက်ပြီး တော့ JItuuShop.com website က website security ဖြစ်တဲ့ SSL certificate https:// ရရှိထားပြီးဖြစ်လို့ connection က လုံခြုံစိတ်ချရပါတယ်။ အချက်အလက် ပေါက်ကြားမှုမဖြစ်အောင် ကာကွယ်ထားပြီးဖြစ်ပါတယ်။

ချိတ်ဆက်ပုံကို အောက်မှာ တဆင့်ခြင်း ရှင်းပြထားပါတယ်။

Screen Shot 2020 10 24 at 23.44.29
Screen Shot 2020 10 24 at 23.44.54
Screen Shot 2020 10 24 at 23.45.00

Messenger chat button က ဆိုင်ပိုင်ရှင်က မမြင်ရပါဘူး။ customer အနေနဲ့ ဝင်မှ မြင်ရမှာဖြစ်ပါတယ်။

7. Social links

Social profile link တွေကို သက်ဆိုင်ရာအကွက်တွေမှာ ထည့်ပေးခြင်းဖြင့် ဆိုင် နဖူးစီးမှာ link icon လေးတွေပေါ်လာမှာဖြစ်ပါတယ်။ icon လေးတွေနှိပ်လိုက်ရင် ကိုယ်ပေးထားတဲ့ link ကို တန်းဝင်သွားမှာဖြစ်ပါတယ်။

အားလုံးပြီးပါက Update button ကိုနှိပ်၍ Save လုပ်ပါ။

Pyae Sone Htoo

See all author post

Leave a Reply