2020 အတွက် e-Commerce အချက်အလက်များ

2020 အတွက် e-Commerce အချက်အလက်များ

131951794 423600692334577 315168465308669455 o

အကယ်၍သင်ဟာ အွန်လိုင်း စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားသူတစ်ယောက် ဆိုပါက e-Commerce ရဲ့ နောက်ဆုံး update အချက်အလက်တွေကို သိရှိထားသင့်ပါတယ်။ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးမဆို အချက်အလက်တွေကို နားလည်သိရှိထားပြီး အဲ့ဒီအချက်အလက်တွေအပေါ် အခြေခံပြီး လုပ်ငန်းလုပ်ဆောင်မယ်ဆိုရင် လုပ်ငန်းအောင်မြင်ဖို့အတွက် အလွန်နီးစပ်ပါတယ်။

စီးပွားရေးကျွမ်းကျင်သူတွေ ခန့်မှန်းတွက်ချက်ထားတာကတော့ ၂၀၂၀ ခုနှစ်မှာ e-Commerce ကနေတဆင့် လက်လီရောင်းချမှုတန်ဖိုးက ဒေါ်လာ ၄ ဒသမ ၁၃ ထရီလီယံ (ကုဋေ ၄.၁၃ သိန်း – ၄,၁၃၀,၀၀၀,၀၀၀,၀၀၀ ဒေါ်လာ) ရှိမယ်လို့ ခန့်မှန်းပါတယ်။

  • သက္ကရာဇ် ၂၀၄၀ ရောက်ရင် ကုန်ပစ္စည်းဝယ်ယူမှုတွေရဲ့ ၉၅ ရာခိုင်နှုန်းက အွန်လိုင်း e-Commerce ပလက်ဖောင်းကနေ ဝယ်ယူကြတာဖြစ်ပါလိမ့်မယ်။ (ဒါဟာ ဆိုင်ဖွင့်ရောင်းတာထက် အွန်လိုင်းကနေရောင်းတာ ပိုခေတ်စားလာမယ့်သဘောပါ)
  • ကမ္ဘာပေါ်မှာ e-Commerce ဈေးကွက် ဖွံ့ဖြိုးမှု အမြန်ဆုံးကတော့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ သန်းပေါင်း ၆၇၂,၀၀၀ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
  • e-Commerce ထိုးဖောက်ဝင်ရောက်အား အကောင်းဆုံးရရှိထားတာကတော့ အမေရိကန်နိုင်ငံဖြစ်ပါတယ်။ အင်တာနက်သုံးစွဲသူ ၈၀ ရာခိုင်နှုန်းဟာ အွန်လိုင်းကနေ ပစ္စည်းဝယ်တာ အနည်းဆုံး တစ်ခါတော့ ဝယ်ဖူးကြသူတွေချည်းဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာရော ဘယ်လိုထင်ကြလဲ။ အွန်လိုင်းကနေဝယ်ဖူးကြလား။)
  • အွန်လိုင်းကနေ ဝယ်ယူရတာကို နှစ်ခြိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကြိုက်တဲ့အချိန်/ ကြိုက်တဲ့နေရာကနေ 24/7 ဝယ်ယူနိုင်လို့ ဆိုကြပါတယ်။
  • e-Commerce သုံးစွဲသူတွေရဲ့ ၄၃ ရာခိုင်နှုန်းဟာ Google Search Engine ကနေ ရှာဖွေပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။ (Organic Reach ဖြစ်ပါတယ်။ ကြော်ငြာကြောင့် မဟုတ်ဘူးလို့ ဖော်ပြထားတာကြောင့် SEO Ranking က Ads တွေထက် ပိုထိရောက်ကြောင်း ပြသပါတယ်။)
  • Website Loading ကြာနေရင် ဘာမှမဝယ်ပဲ ပြန်ထွက်သွားတာ ၇၅ ရာခိုင်နှုန်းရှိပါတယ်တဲ့။ (ဒါကလည်း အင်မတန် အလေးထား ဆောင်ရွက်ဖို့လိုပါတယ်။ ၇၅ ရာခိုင်နှုန်းတဲ့ နည်းတဲ့ပမာဏမှမဟုတ်တာ။)
  • Google Product Search ကနေဝင်ကြည့်ကြတာတွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ ၅ ရက်အတွင်း ကုန်ပစ္စည်းကို တကယ်ဝယ်ဖြစ်သွားကြပါတယ်။ (ဒီအချက်ဟာလည်း ဒီ ၅ ရက်အတွင်း customer ရဲ့ စိတ်ထဲမှာ စွဲနေအောင် ကိုယ့် Website နဲ့ ကုန်ပစ္စည်း တင်ဆက်ထားရှိမှု (Presentation) ဟာ အရေးကြီးကြောင်း ပြသပါတယ်။ ပုံလှလှလေးတွေ တင်နိုင်ဖို့၊ Description မှာ အလန်းစား ရေးထားနိုင်ဖို့ လိုပါတယ်။)
  • ဝယ်ယူသူတွေရဲ့ ၅၁ ရာခိုင်နှုန်းဟာ သူတို့ရဲ့ Smartphone ကနေ လုပ်ဆောင်ဝယ်ယူခဲ့တာဖြစ်ပါတယ်။
  • ဝယ်ယူသူတွေဟာ အခမဲ့ ပို့ဆောင်တဲ့အစီအစဉ်ရှိရင် ပိုက်ဆံများများ ပိုသုံးချင်ကြပါတယ်။
  • ဝယ်ယူသူတွေရဲ့ ၉၃ ရာခိုင်နှုန်းကတော့ အွန်လိုင်းရှော့ပ်ရဲ့ အပြင်အဆင် ရှုချင်စဖွယ်ဖြစ်တာ/မဖြစ်တာက ဝယ်ရကောင်းမလား/မကောင်းဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့အတွက် အဓိက အခရာကျတယ်လို့ ပြောဆိုထားကြပါတယ်။
  • ခန့်မှန်းအားဖြင့် အွန်လိုင်းဝယ်ယူသူ ၈၀ ရာခိုင်နှုန်းက ငွေပြန်အမ်းခြင်း မူဝါဒနဲ့ပတ်သက်ပြီးတော့ ပြဿနာရှိရင်/ငွေပြန်မအမ်းတဲ့ e-Commerce Website တွေကနေ မဝယ်ကြပါဘူး။
  • လူမှုကွန်ယက်ပလက်ဖောင်း (Social Media Platform) ကနေ ဝယ်ယူကြတဲ့ ကုန်ပစ္စည်းအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာ Facebook ကနေ ဝယ်ယူကြတာဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာ တော့ Facebook က ဝယ်လို့မရသေးပါဘူး။)
  • တကမ္ဘာလုံး လက်လီရောင်းချမှုတွေရဲ့ ၁၄ ရာခိုင်နှုန်းကို အွန်လိုင်းလက်လီအရောင်းဆိုင်တွေက နေရာယူထားပြီး ၂၀၂၃ ခုနှစ်မှာ ၂၂ ရာခိုင်နှုန်းအထိ တိုးလာဖို့ရှိပါတယ်။
  • ၂၀၂၁ ခုနှစ်မှာ e-Commerce Platform ကနေပြီးတော့ လက်လီရောင်းချမှုတန်ဖိုးက ဒေါ်လာ ကုဋေ ၃၅၀,၀၀၀ အထိရှိနိုင်ပါတယ်။
  • ၂၀၁၇ ခုနှစ်တုန်းက အွန်လိုင်းကနေ ဝယ်ယူသူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ အကြွေးဝယ်ကဒ် (Credit Card) နဲ့ ငွေချေရတာကိုနှစ်သက်ကြပါတယ်။
  • Social Media တွေမှာ Active ဖြစ်တဲ့ အွန်လိုင်းစတိုး (Online Store) တွေဟာ ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်း ရောင်းအားပိုကောင်းပါတယ်။
  • Generation X လို့ခေါ်တဲ့ 1965-80 born တွေက အွန်လိုင်းကနေဝယ်ယူသူတွေရဲ့ ၃၄ ရာခိုင်နှုန်းကို နေရာယူထားပါတယ်။ သူ့နောက်ကလိုက်နေတာကတော့ Boomer လို့ခေါ်တဲ့ 1946-64 born တွေက ၃၁ ရာခိုင်နှုန်းဖြစ်ပြီး Millennial 1981-96 born တွေကတော့ ၃၀ ရာခိုင်နှုန်း နေရာယူထားကြပါတယ်။
  • Online Review တွေက ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချရာမှာ ၅၅ ရာခိုင်နှုန်းလောက် အရေးပါတယ်လို့ ပြောထားပါတယ်။

ဒါတွေကတော့ ကမ္ဘာ့စီးပွားရေးသုံးသပ်ချက် Website တွေဖြစ်တဲ့ 99Firms, Finance Online, Statista Website တွေကဖြစ်ပါတယ်။ ကဲဒီလောက်ဆိုရင် ကိုယ်တွေရော e-Commerce ကိုသွားမှာလား? အရင်အတိုင်းပဲ ဆိုင်ပေါ် မိန့်မိန့်ကြီးထိုင်ပြီးပဲ ဆက်ရောင်းနေကြမှာလား? ဒါမှမဟုတ် Live လေးလွှင့်လိုက်၊ မဲလေးဖောက်လိုက်နဲ့ပဲ သွားနေကြဦးမှာလား? စဉ်းစားနော်။

Ref: ecommerce guide – What is Ecommerce?

Tags: facts

Pyae Sone Htoo

See all author post

Leave a Reply